မိတ္ထီလာမြို့နယ် တုံးအိုင်ကျေးရွာမှ ဒေသခံပြည်သူများ  မြေသားရေကန်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်

မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု တုံးအိုင်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ် ၆.၄၁၃ သန်းဖြင့် မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာ နည်နေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြုလုပ်ကျင်းပခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ၅ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၇ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

(၇၅)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်အမှတ်အကြို အလယ်တန်းဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ရမည်းသင်းခရိုင်လူထုအခြပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ် ရပ်ကွက်များရှိ ရပ်မိ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ရပ်မိ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။

မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းနှင့် ကျေးရွာအုပ်စု/ကျေးရွာ တည်နေရာပြ မြေပုံများအား GIS နည်းပညာဖြင့် Point ထောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းနှင့် ကျေးရွာအုပ်စု/ကျေးရွာ တည်နေရာပြ မြေပုံများအား GIS နည်းပညာဖြင့် Point ထောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရေကျော်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအား

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကြက်ခြေနီအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ(Talk Show) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများကို (GIS) နည်းပညာဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းများ ကွင်းဆင်ဆောင်ရွက်ခဲ့​ကြသည်။

လဲချားမြို့နယ် (Community Centre)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၈)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to