ဆံတော်ရှင် ဆူးလေစေတီတော်၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပွဲကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါ‌တော်နေ့)၌ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင် ဆူးလေစေတီတော် ဘုရားရင်ပြင်တော်ပေါ်တွင် ယနေ့နံနက် ၇ နာရီက ဝါဆိုရွှေကြာသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့ မော်လမြိုင် မြို့ သမိုင်းဝင် ဘုရားများတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား လျက်ရှိ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက် ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာအခါတော်နေ့)တွင် မော်လမြိုင် မြို့ရှိ သမိုင်းဝင် စေတီ ပုထိုး များတွင် အနယ်နယ် အရပ် ရပ် မှ ဘုရားဖူးလာ ပြည်သူ များဖြင့် စည်ကားလျှက် ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိဆုတောင်းပြည့် မြွေဘုရားတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ ဓမ္မစကြာ အခါတော်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာ အုပ်စုအတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေး

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊  ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၁၀ နာရီက အသက်(၁၈)နှစ် အထက်ပြည်သူများနှင့်နိုင်င့ံဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့သည်။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား

ယနေ့ (၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့)တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာ သင်္ကန်း ဆက်ကပ်လှူဒါန်းကြသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ် လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။ (ပုံ-ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူး ပင်စည်ကားနေစဉ်)“ဝါဆိုလပြည့်နေ့ဟာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီး ထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦးဟောကြားတဲ့ နေ့တစ်နေ့ ဖြစ်လို့ပါပဲ။ အဲဒါကြောင့် ဒီနေ့လို ထူးခြား လှတဲ့ ဝါဆိုလပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ် ရင်း ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ် ” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ရွှေတိဂုံ စေတီ တော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။

ဖား​ဆောင်းမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ အလှူရှင်များစု​ပေါင်း၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊အလှူရှင်များစု​ပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယ​နေ့နံနက်(၉)နာရီအချိန်က ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။

ဖား​ဆောင်းမြို့နယ် ​မော်ချီး​​​အောက်ရွာ(အထက)၌ ​ကျောင်းကျန်းမာ​ရေးအသိပညာ​ပေး ​ဟော​ပြောပွဲ ပြုလုပ်

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​​မော်ချီး​ဒေသ၊​​ မော်ချီး​အောက်ရွာ အထက်တန်း​ကျောင်း၌ယမန်​နေ့က မြို့နယ်ကျန်းမာ​ရေးဌာနနှင့် ပညာ​ရေးဌာနတို့ပူး​ပေါင်းပြီး ​ကျောင်း သား၊​ ကျောင်းသူများ​ကျန်းမာ​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ​ကျောင်းကျန်းမာ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

မကွေးမြို့ မြသလွန်ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

သာသနာတော်နှစ် ၂၅၅၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်ကြီးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူး ချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးချုပ် မင်းမင်းကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မဟာစည်သာသနာ့ ဓမ္မရိပ်သာကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းမည် ဂန္ဓကုဋီတိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ၁၃၈၄ခု ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက်၊ မဟာစည်သာသနာ့ဓမ္မရိပ်သာကျောင်းတိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍စေတနာရှင်၊ အလှူရှင်များဖြင့် ဆောက်လုပ်လှုဒါန်းမည့် ဂန္ဓကုဋီတိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဖလမ်းမြို့၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက်များသို့ဆွမ်း၊ ဆန်တော်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အမှူးရှိခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဖလမ်းခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဖလမ်းရဲတပ်ဖွဲ့စခန်းမိသားစု၊ ကမ္ဘောဇဘဏ်မိသားစု၊ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲနှင့်ကျောင်းတိုက်များ သို့ဆွမ်း၊ဆန်တော်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကို ဇူလိုင် ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ အချိန်က ဖလမ်းမြို့၊ ဗဟိုသာသနာပြုကျောင်းတိုက်၌ ကျင်းပြု လုပ်ကြောင်းသိရသည်။
Subscribe to