မကွေးမြို့ မြသလွန်ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေး ဇူလိုင် ၁၂

သာသနာတော်နှစ် ၂၅၅၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်ကြီးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူး ချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးချုပ် မင်းမင်းကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် မကွေးမြို၊ မဟာဓမ္မိကာရာမတိုက်ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်) ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ အမှတ်(၈၈) ခြေမြန် တပ်မဌာနချုပ်၊တပ်မမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် မကွေးမြို၊ မဟာဓမ္မိကာရာမတိုက်ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ဝင်)ဆရာတော်ကြီးထံမှ အနုမောဒနတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆည်းကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မကွေးမြို့၊ မြသလွန်ဘုရား ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်ကြီးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတွင် သင်္ကန်းအစုံ (၄၆၂)စုံအား စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)