ကျိုင်းတုံမြို့၌ ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် (၁၃၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ်၊ ဝါဆိုလ ပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် (၁၄)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် (၁၃၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်ခန့်က ကျင်းပခဲ့သည်။

ကျိုက်လတ်တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန်မြတ်စွာဘုရားကြီး တွင်ယနေ့(ဝါဆိုလပြည့်နေ့)နံနက် ၈ နာရီခန့်က (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်၌ တစ်မိုးနှစ်သီးစိုက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာအုပ်စု၊ တညင်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၂၄၄-က)၊ ဦးပိုင်အမှတ်(၃၈)ရှိ တောင်သူ ဦးမျိုးမြင့်သန်း၏ တစ်မိုးနှစ် သီးစိုက် လယ်မြေ (၂၅)ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့် (ဓမ္မစင်္ကြာ‌နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ နေ့ထူး‌နေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် (ဓမ္မစင်္ကြာနေ့)တွင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဘုရားစေတီများဖြစ်သော ရွှေမော်ဓောဘုရား၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ မြသာလျောင်းဘုရား၊ မဟာစေတီဘုရား၊ ကျိုက်ပွန်ဘုရား၊ ဟင်္သာကုန်းဘုရားတို့တွင် ပဲခူးမြို့ခံများသာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီးမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း တောင်တွင်းကြီး ဇူလိုင် ၁၂ အေးမိုးမိုးမြင့်
Subscribe to