ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့အခါသမယ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကား
ဝါဆိုလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာ ကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် ငါးကန် အတွင်း ငါးစာကျွေးမွေးကြသူများဖြင့် စည်းကားလျက်ရှိနေကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော် ရာဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။