ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ ၆၃၈၅ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထား ဧက ပြည့်မီစေရေးအတွက် ဇွန်လနောက်ဆုံးပတ်ကစပြီး စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် မိုးစပါးသီးနှံ ၆၃၈၅ ဧကအထိ စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။