ငပုတော ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ၁၃၈၄ခု ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက်၊ မဟာစည်သာသနာ့ဓမ္မရိပ်သာကျောင်းတိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍စေတနာရှင်၊ အလှူရှင်များဖြင့် ဆောက်လုပ်လှုဒါန်းမည့် ဂန္ဓကုဋီတိုက် အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် စေတနာရှင်၊ အလှုရှင်များက ရတနာအုတ်မြစ်တော်လှုဒါန်းမည့် မင်္ဂလာနေရာတွင် ဂုဏ်တော်(၉)ပါးနှင့် ဂုဏ်တော်(၂၄)ပစ္စည်းပဋ္ဌာန်း ဒေသနာတော်အစရှိသည့် တို့ကိုရွတ်ဖတ်ပူဇော်ကြပြီးနောက် သက်ဆိုင်ရာနေ့နံအလိုက်ရတနာအုတ်မြစ်တော်များ ပူဇော်လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဂန္ဓကုဋီတိုက်ဆောက်လုပ်လှူဒါန်းမည့် ရတနာအုတ်မြစ်တော်များပေါ်သို့ အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ခဲ့ကြောင်းသိရသည်။
အောင်သူ