မော်လမြိုင် ဇူလိုင် ၁၂
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက် ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာအခါတော်နေ့)တွင် မော်လမြိုင် မြို့ရှိ သမိုင်းဝင် စေတီ ပုထိုး များတွင် အနယ်နယ် အရပ် ရပ် မှ ဘုရားဖူးလာ ပြည်သူ များဖြင့် စည်ကားလျှက် ရှိကြောင်း သိရသည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည်ဘုရား ဖူးကားကြီးများဖြင့်လည်းကောင်း မော်တော်ဆိုင်ကယ် များဖြင့်လည်းကောင်း ကိုယ်ပိုင် ယာဉ်များ သုံးဘီးယာဉ်များ အိုးဝေယာဉ်များဖြင့် ကျိုက်သလ္လံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ဦးခန္ဓီ၊ ဦးဇီနဘုရားများသို့ ဘုရားဖူးလာရောက်ကြပြီး ဘုရားဖူး လာပြည်သူများသည်စေတီတော် ရင်ပြင်ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်များအားရေသပ္ပယ်ခြင်း ပန်း၊ ဆီမီး အမွေးနံသာများကပ်လှူ ပူဇော်ခြင်းများ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဝါဆိုသင်္ကန်း ဆက်ကပ်သူများ၊ သီလစောင့်တည်သူများ၊ တရားဘာဝနာ ပွားများသူများ၊ ဆရာတော် သံဃာတော်များမှ သီလပေးတရားမြွက် ကြားခြင်းများ၊ စတုဒီသာ ကျွေးမွေးခြင်းများဖြင့် မော်လမြိုင်မြို့ အတွင်း ဘုရားဖူးယာဉ်များ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်