ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါဆိုလပြည့် (ဓမ္မာစင်္ကြာအခါတော်) နေ့အကြောင်း သိကောင်းစရာTalk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်)နေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ရွှေသောင်ယံမြို့အဏ္ဏဝါသိပ္ပံကျောင်းဝန်းအတွင်းအုန်းပင်စိုက်ပျိုးပွဲနှင့်တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိအဏ္ဏဝါ သိပ္ပံကျောင်းဝန်းအတွင်း၌ ယမန်နေ့‌မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့လာရောက်၍ အဏ္ဏဝါသိပ္ပံ လေ့လာရေးကျောင်းအတွင်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ ဌာနဆိုင်ရာများနှင့်ဒေသထွက်နှစ်ရှည်အုန်းပျိုးပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

“သက်ရှည်ကျန်းမာစေရန် ကျင့်ကြံရမည့် နည်းလမ်းကောင်းများ”

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာဖို့အတွက် အမတန်မှလိုအပ်ပါတယ်။ ကျန်းကျန်း မာမာရှိမှ အသက်ရှည်ခြင်းဆိုတဲ့ ကျွန်တော်တို့က ရလဒ်ကောင်းကို အထောက်အကူပြုမှာ လည်းဖြစ်ပါတယ်။ အခုကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဆိုရိုးစကားလေးတွေရှိ ပါတယ်။ ကျန်းမာရေး မကောင်းမှ ဆေးကုသမှုခံယူနေတာထက် ကျန်းမာရေးမဖြစ်ခင်ထဲက ရောဂါတစ်ခုကို ကြိုတင်ကာကွယ်တာက ပိုပြီးတော့ထိရောက်မှု ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကုသတာထက် ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးထိရောက်စေတယ်လို့ ပြောခြင် ပါတယ်။

ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာတွင် NEP Phase2 အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း မကြာမီ ပြီးစီးတော့မည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ၂၄နာရီ လျှပ်စစ်မီး သုံးစွဲနိုင်ရေးအတွက် ယခုနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) Phase2 အစီအစဉ်ဖြင့် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံးမှ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမကြာမီ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော် ထံကသိရသည်။

တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင်လာအိုနိုင်ငံမှ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမား (၂၆၉) ဦးကို မြန်မာတာဝန်ရှိသူများလက်ခံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း( ၂၆၉)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့ကလက်ခံခဲ့ကြသည်။

တောင်ငူမြို့တွင် ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့်စည်ကား

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင်စေတီတော်များတွင် ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

ပိုင်ကျုံမြို့အမှတ် (၄)ရပ်ကွက်‌ အောင်မင်္ဂလာလမ်းပေါ်တွင် box culvert တစ်စင်းတည်ဆောက်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေ ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေ ရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေ စေရန် ရည်ရွယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ‌သည်။

ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ငှက်ပျောကျွန်းကျေးရွာအုပ်စုနှင့် ကညင်ကောက်ကျေးရွာ အုပ်စုတို့ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ပြုလုပ်ခဲ့ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုရရှိသူများအား တက်ရောက်ဆုချီးမြှင့်

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များဖြစ်လာစေရေး၊ ကျောင်းအားကစားမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၄ နာရီတွင် အဆိုပါကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးသည်။

မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချမှတ်ချက်နှင့် အညီ ဖွင့်လှစ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်းများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် (၂)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။
Subscribe to