ဖလမ်း ဇူလိုင် ၁၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အမှူးရှိခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဖလမ်းခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဖလမ်းရဲတပ်ဖွဲ့စခန်းမိသားစု၊ ကမ္ဘောဇဘဏ်မိသားစု၊ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲနှင့်ကျောင်းတိုက်များ သို့ဆွမ်း၊ဆန်တော်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကို ဇူလိုင် ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ အချိန်က ဖလမ်းမြို့၊ ဗဟိုသာသနာပြုကျောင်းတိုက်၌ ကျင်းပြု လုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ဆရာတော်သံယာတော်များနှင့်ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” မဟာပဏာမ ဘုရားရှိခိုးလွှာဖြင့် (၃)ကြိမ်ရွတ်ဆိုပူဇော်ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဩကာသ ကန်တော့ချိုး ဖြင့်ရှိခိုးပူဇော်ကန်တော့၍ တစ်မိုင်သာသနာပြုလက်ထောက်ဆရာတော် ဘဒ္ဒန္တပညာဇောတ(မဟာဓမ္မစရိယ MA )အရှင်သူမြတ်ထံမှ (၉)ပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံယာတော်အရှင်သူမြတ်တို့က ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဝင်းဇော်၊အတွင်းရေးမှူးဒုတိယရဲမှူးကြီးခင်မောင်ညီ၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်း၊ ခရိုင်ပညာရေး မှူးဦးခေါဂေကီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးအောင်မျိုးထွဋ်တို့က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန် တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့လှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့်ဆွမ်း ဆန်တော်၊ဆီအလှူငွေစုစုပေါင်းမှာ ကျပ်-၃၁၇၇၀၀၀/-ဖြစ်ပြီး နေပြည်တော်သာနာတော်ထွန်းကားပြန့် ပွားရေးဦးစီးဌာနမှဆွမ်း ပဒေသာ အတွက်ပေးပို့ လှူဒါန်း ငွေကျပ်-၁၅၀၀၀၀၀/-အပါအဝင် လှူဒါန်းငွေ စုစုပေါင်း ကျပ်-၄၆၇၇၀၀၀/-ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တစ်မိုင်သာသနာပြုလက်ထောက်ဆရာတော်ဘဒ္ဒန္တပညာဇောတ(မဟာဓမ္မစရိယ MA ) အရှင်သူမြတ်ထံမှ ဝါဆိုလပြ့ည့်နေ့၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အနုမောဒနာတရား နာယူကြည်ညို ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် “ဗုဒ္ဓသာသနံ စိရံတိဌတု”(၃)ကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကိုရုပ်သိမ်းပြီး ဆရာတော်သံယာတော်များအားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကိုရှိန်း