ကျွန်းလှမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့် အားကစား အသိပညာပေး Talk Show ကျင်းပ

ကျွန်းလှမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့် အားကစား အသိပညာပေး Talk Show ကျင်းပ ကျွန်းလှ ဇူလိုင် ၁၂ မျိုးဝင်းညို

ကာလိမြို့ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက ဌာနဆိုင်ရာဝန်ထမ်းများကို ဦးဆောင်ပြီး ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ခြင်းကို အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံး၌ ကျင်းပပြု လုပ်ခဲ့သည်။

လဲချားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ဆွမ်းဆန်စိမ်းနှင့်အလှူစာများလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ဟိုရင်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်စိမ်းနှင့် အလှူစာများစုပေါင်းလှူဒါန်းခြင်းအား ယမန်နေ့ မွန်းလွှဲပိုင်းအချိန်က စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မချမ်းဘော့မြို့ Community Centre ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပညာရေးဌာနှင့်ပူးပေါင်း၍ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုး ကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပွဲကို Community Centre ခန်းမ၌ ယမန်နေ့ညနေ ၄နာရီက ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ ဧကူန ဝီသတိမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ ဧကူန ဝီသတိမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရား သူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

တံတားဦးမြို့နယ် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများ၌​​​​​​​ ဘုရားဖူးပြည်သူများစည်ကား

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများနှင့် ဘုရားများတွင် ကိုဗစ်-၁၉ရောဂါအခြေအနေမှာလည်း လျော့နည်းလာသည့်အတွက် လူစုလူဝေးကျင်းပ ပြုလုပ်ခြင်းနှင့် လမ်းညွှန်ချက်များဖြေလျော့ပေးခဲ့သဖြင့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ အပန်း ဖြေလည်ပတ်သူများ ဘုရားများသို့ ဝင်ရောက်ဖူးမျှော်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိသည်။ 

မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ အာရုဏ်ခံတန်းဆောင်းတွင် ဝါတွင်းကာလ ပထမအပတ် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး အာရုဏ်ခံတန်းဆောင်းတွင် ဝါတွင်းကာလ ပထမအပတ် သံဃာတော်အရှင်သူမြတ်တို့အား ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားကြီး၌ ဝါဆိုလပြည့်နေ့ ဘုရားဖူးများဖြင့်စည်ကား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝ လှိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုဒ် သီလဆောက်တည်သူများ၊ ဘုရားဖူးများဖြင့်အထူးစည်ကားများပြားလျက်ရှိသည်။

ပြင်စလူမြို့၌ အခြခံအင်္ဂလိပ်စာသင်တန်း ဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဇူလိုင်လ ၉ ရက်နေ့ ညနေ  (၃)နာရီအချိန်ခန့်က အခြခံ အင်္ဂလိပ်စာသင်တန်း ဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကား

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဇူလိုင်(၁၂)ရက် ဝါဆိုလပြည့်နေ့၌ ရပ်နီး၊ ရပ်ဝေး ဘုရားဖူးပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကား လျက်ရှိ ကြောင်း သိရှိရသည်။
Subscribe to