မြို့သစ်မြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်အထိ မြို့နယ်ရုံးဝန်ထမ်းများမှ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်အတွင်း မိုးနေကြာစိုက်ဧက ၁၄၃.၂၅ ဧက အနက် မျိုးစေ့ထုတ်(၁၀)ဧက စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ်အတွင်း မိုးနေကြာသီးနှံ ၁၄၃.၂၅ဧက စိုက်ပျိုးထားသည့်အနက်မှ မျိုးစေ့ထုတ်(၁၀)ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီတွင် သက်ဆိုင်ရာ ကျောင်းအသီးသီး၏ ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးများပက်ဖျန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း၌ မိုးရာသီ ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးပက်ဖျန်းခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ယိုးငူကျေးရွာ ဘုန်တော်ကြီးကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကျင်းပဆောင်ရွက်

ယနေ့ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် Talk Show အသိပညာပေး အစီအစဉ်အား ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပဆောင်ရွက်သည်။

အမ်းမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ပေါ်ရပ်ကွက်များ၌ ယာဉ်မတော်တဆမှု လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် အချိန်က အမ်းမြို့ဟောင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုမြို့တွင် အာဇာနည်​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝနာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
Subscribe to