ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များခရိုင် ကိုယ်စားပြု ပြိုင်ပွဲဝင်ရန် အစမ်းလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်ကိုယ်စားပြု၍ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ဟင်္သာတမြို့ရှိ မြို့တော်ခန်းမအတွင် ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ကာ အစမ်းဇာတ်တိုက်လေ့ကျင့်မှုများကို ကျင်းပခဲ့သည်။

မုဒုံမြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားလာကာ ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျိုက်ကာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက် ထားသော လုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ သည်။

မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတိ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community  Centre)၌  "အာဇာနည်နေ့အမှတ်တရ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုင်) မှ အထက်တန်း/အလယ်တန်း ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။

ဆီဆိုင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်သွားလာမှု ရှိမရှိ/စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်သွားလာမှု ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီက သစ်တောဦးစီးဌာနရုံးရှေ့ မြို့အဝင်၌ စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ စိမ့်စမ်းရေသွယ်ယူခြင်း (အမြှင့်တင်)လုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းဒုံကျေးရွာ ရေပိုက်သွယ်တန်းခြင်း၊ ဆိုလာ/ပန့် တပ်ဆင်ခြင်း၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် မြေသားရေစု ကျင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဒေါ်အိအိခင်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် တရားတော်နာယူခြင်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တာဝန်ရှိသူများမှ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များအား

အိမ်မဲမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မီးသတ်ကားများ ဥသြဆွဲခြင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်စခန်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မီးသတ်ကားများ ဥသြဆွဲခြင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီခွဲ အချိန်က တောင်ရပ်ရပ်ကွက် ဗန္ဒုလတံတားအနီး မော်တော်ဘုတ်ဆိတ်နေရာ၌ ရေပြင်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်း ဝယ်ရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၂နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်း ဝယ်ရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၂နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
Subscribe to