ဒေးဒရဲမြို့၌ မိုးရာသီ (အဆင့်မြင့်) အားကစားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော မိုးရာသီ (အဆင့်မြင့်) အားကစား သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Yoth Club)တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တိုင်းရင်းသားပုံပြ/ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ

တိုင်းရင်းသားကလေးငယ်များ မိမိတို့ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်၊ သင်ယူလိုသူ ပိုမိုများပြားလာစေရန်၊ ကလေးငယ်များ မူလတန်းစာပေသင်ကြားရာတွင် များစွာအထောက်အကူဖြစ်စေ၍ ကလေးငယ်များ ကျောင်းထွက်နှုန်းလျော့ကျစေရန်၊ တိုင်းရင်းသားတို့၏ စာပေနှင့်ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု ချစ်ကြည်လေးစားမှုတို့ကိုရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တိုင်းရင်းသားပုံပြ/ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦး‌ရေစာရင်း (၆၆/၆)ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးခြင်း လုပ်ငန်း စတင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်း ရိုက်ကူးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ စတင်ဆောင်ရွက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ မိုးရာသီ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့၌ မိုးရာသီကာလတွင် သံပုရာသီးလှိုင်လှိုင်ပေါ၍ ဈေးနှုန်းကျဆင်း

စိုက်ပျိုးရေးကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ရှိ တောင်သူများမှာ ယခုမိုးရာသီးကာလပိုင်းအတွင်း သံပုရာသီးဈေးကွက်မရှိ၍ အဆင်မပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ သံပုရာသီးခြံ စိုက်ပျိုးလုပ်ကိုင်သူထံမှ သိရသည်။

ပြည်မြို့(ပြည်-ပေါက်ခေါင်း)ကားလမ်းဘေး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာများ တိုးပွားလာစေရန်နှင့် ယင်းလုပ်ငန်းများတွင် ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့်

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရမ်းဗြဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် ဖုံး သွန်၊ လှဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေးမှုတ်ခြင်းနှင့် ဖုံး သွန် လှဲ စိပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
Subscribe to