သာပေါင်းမြို့နယ်၊ ကျေးရွာများတွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆက်လက်ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ကျေးရွာများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ပိန္နဲကုန်းကျေးရွာ၊ အောက်စုကျေးရွာများရှိ အိမ်စိတစ်လျောက် သွေးလွန်တုပ်ကွေး ဖြစ်ပွားခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်တွင် ဖူးချိုးဆလပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ပုံမှန်ရရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် မြေအောက်ရေ အသုံးပြုပြီး တစ်နိုင်တပိုင် ဖူးဆလပ်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ဖူးချိုးဆလပ် စိုက်ပျိုးတောင်သူ ဦးမင်းညိုထံက သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အထူးပြပွဲ ပြသထားရာ လာရောက်ကြည့်ရှုလေ့လာသူများပြား

 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင်နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အထူးပြပွဲ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများ နှင့်ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံ ရှင်းပြခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ပြုလုပ်

ဖျာပုံမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ပြုလုပ် ဖျာပုံ ဇူလိုင် ၁၉ အောင်ဝင်းနိုင်

လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် မျိုးစိတ်အသစ် BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ် BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၈ နာရီအချိန်က ကျိုက်ဒုံမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂) ကျောင်းပညာ့ဗိမာန်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to