(၇၅)အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွင့်ထူခြင်းနှင့် ဥဩဆွဲခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ  ဌာနဆိုင်ရာရုံးများ၊ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင်ထူထားကြသည်။

မိုင်းယန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ  ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒေသအတွင်း မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လိုက်နာမှု ရှိ/ မရှိ အခြေအနေများကို ယမန်နေ့နံနက် ၁၁ နာရီက‌ခန့်က မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ အရှန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ရပ်ကွက်နေ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၁၀ နာရီခွဲခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေးမြို့နယ်တွင် အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) ကွန်ပျူတာစာရင်းရေးသွင်းနေမှုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် ရေးမြို့နယ် လူမှုဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံး၌ ဌာနဆိုင်ရာ ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆)များအား ကွန်ပျူတာစာရင်း ရေးသွင်းမှု အခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်အချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ငပုတောမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား e-ID စနစ်ဖြင့် Software Program  ​ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အတွင်းရှိအိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား Software Program ဖြင့် Data base သို့ ရေးသွင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က  ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ဆင့်ပွား သင်တန်းပေးပြီး စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်( ၁) ဗိုလ်မှုး ဖြိုးသူရကျော်တို့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဆုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္ပာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက(၃၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက(၃၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၃၅)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံ (၃၁၉၇)ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် နေကြာသီးနှံ(၃၁၉၇)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က အဆိုပါ တက္ကသိုလ် အားကစား ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Subscribe to