မိုင်းကိုင်မြို့နယ်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ယနေ့  ဇူလိုင်လ ၁၉ ရက်နေ့ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့၊ နေ့လည် ၁၁ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ဝါဆိုသင်္ကန်းနှင့်  ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ  အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း အွန်လိုင်းအသိပညာပေး Talk Show ဆွေးနွေးပွဲ စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အာဇာနည်နေ့အကြောင်း အွန်လိုင်းအသိပညာပေး Talk Show ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာတစ်ဦးဖြစ်သူအောင်သိဒ္ဓိဖြင့် ပူးပေါင်း၍ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအ‌ကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်း(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး (Talk Show) ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌​ ယနေ့ နံနက် ၉ နာရီအချိန်က (၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေး (Talk Show)ကို ကျင်းပခဲ့သည်။

မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေပြုဗဟိုဌာန (Community Centre)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  Talk Show ကို ယနေ့ နံနက်(၁ဝး၀၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် (၉)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (BookClub)အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန တွင် ယနေ့ နံနက်(၁၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to