အိမ်မဲ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီတွင် သက်ဆိုင်ရာ ကျောင်းအသီးသီး၏ ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ ဆရာ/မများ၊ ကျောင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့က စုပေါင်း၍ ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကန်ကြီးဒေါင့်ကုန်း ကျောင်းနှင့် အ-ထ-က (၁)ကျောင်းတို့မှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား/သူ (၃၀၀)ကျော်အား ကိုဗစ်ကာကွယ်ဆေး (Sinopharm)ကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)