ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကရင်၊ မြန်မာနှစ် ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်( Community Centre )ခန်းမ၌ ဆံပင်အလှပြင်နည်းသင်တန်း(အခမဲ့)ကျင်းပ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  ဆံပင်အလှပြင်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများ စုပေါင်း၍ ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာ‌ရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်တွင် နနွင်း(၉၆၉)ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် အခြားသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် နနွင်း (၉၆၉)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌနမှ သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်ရှိလျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေး လက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က နတ်တလင်းမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)၊ နတ်တလင်းသိုလှောင်ရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ က‌လေးငယ်များ ကာယဉာဏ်ဏ ဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် က‌လေးများ ကာယ ဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိ‌စေပြီး စာဖတ်စွမ်းရည် မြင့်မား‌စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပြိုင်ပွဲများ ဆောင်ရက်လျက်ရှိပါသည်။

အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to