ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေးရွာတွင် တပ်မတော်မှ အခမဲ့ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကွင်းဆင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ စီမံကြီးကြပ်မှုဖြင့် အခမဲ့ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီမှ စတင်ဆောင်ရွတ်ခဲ့ကြောင်း သိရှိရသည်။

မြောင်းမြမြို့ပေါ်ရှိ ရပ်ကွက်များအားလုံး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းသေ abate ဆေးခပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းသေ abate ဆေးခပ်ခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ တွင် အမှတ် ၆ ရပ်ကွက်နှင့် ဘုရားချောင်းရပ်ကွက်များတွင် ရပ်ကွက်လုံးကျွတ် abate ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စားသုံးသူလုံခြုံစိတ်ချမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ စားသုံးသူလုံခြုံစိတ်ချမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ယနေ့နံနက် ၉ နာရီက ကျိုင်းလပ်မြို့ပေါ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့်ဆေးဝါးအရောင်းဆိုင်များအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၊ အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသက်(၃)နှစ်မှ(၅)နှစ်၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း၊ အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေး ကိစ္စရပ်များ ပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေး၊ ပန်းမြို့တော်ဖြစ်လာစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်အတွင်း စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာလှပသော မြို့ပြများဖြစ်လာစေရေး၊ မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် စနစ်တကျ စီမံ‌ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကျင်းပပြုလုပ်သည်။

ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ သက်ရှိအားလုံးတည်မြဲဖို့​ ရေအရင်းအမြစ်ကို ထိန်းသိမ်းစို့​ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

စစ်ကိုင်းတိုင်း​ဒေသကြီး  ​ရွှေဘိုမြို့တွင် သက်ရှိအားလုံးတည်မြဲဖို့​ ရေအရင်းအမြစ်ကိုထိန်းသိမ်းစို့​ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးရာသီစပါးစိုက်ချိန်တွင် ရွှေခရုများကြောင့် စပါးပင်များပျက်စီးလျက်ရှိ

ဧရာ၀တီတိုင်းဒေသကြီးဟာ မြစ်ချောင်းများပေါများပြီး    မိုးများသောဒေသဖြစ်တာကြောင့် ရေသွင်း ရေထုတ် ခက်ခဲသော အနိမ့်ပိုင်းဒေသများတွင် ရွှေခရုများ နှစ်စဉ်ကျရောက်ကာ    စပါးပင်များ ပျက်စီးလျက်ရှိသည်။   ရွှေခရုတို့ရဲ့ဖျက်စီးမှုဟာ    အလွန်မြန်ပြီး   အကောင်အရေအတွက်ပေါ်     မူတည်ကာ  လယ်ဧက ဆယ်ဂဏန်းလောက်ကို ညတွင်းချင်း ကိုက်ဖြတ်စားသောက်နိုင်တယ်လို့ သိရသည်။

မိုင်းပျဉ်းမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး RS to CS မျိူးစေ့ထုတ်စိုက်ပျိူးခြင်းနှင့် မိုးစပါး (ရေတော်မိုးတော်) စိုက်ပျိူးပြီးစီးခြင်း ထွန်တုံးပိတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ကျောက်စရစ်ကုန်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်း၌ ၂၀၂၂ခုနှစ် မိုးစပါး RS to CS မျိူးစေ့ထုတ် စိုက်ပျိူးခြင်းနှင့် မိုးစပါး (ရေတော်မိုးတော်) စိုက်ပျိူးပြီစီးခြင်း ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ကွင်းအမှတ် (၉၄၆)၊ ဦးပိုင်အမှတ် (၅၃/၂) တောင်သူဦးကြည်ဝင်း၏ လယ်ယာမြေတွင်  ပြုလုပ်ခဲ့သည်။
Subscribe to