ကန်ကြီးထောင့် ဇူလိုင်လ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ စီမံကြီးကြပ်မှုဖြင့် အခမဲ့ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီမှ စတင်ဆောင်ရွတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမဲ့ဆေးကုသရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွတ်ရာသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ လာရောက်ကြည့်ရှုခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက လိုက်လံရှင်းလင်းပြသခဲ့သည်။ နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ခွဲစိတ်ပါရဂူ ဗိုလ်ကြီး ကျော်သက်စိုး ဦးဆောင်သော တပ်မတော်သားများက ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွတ်ခဲ့ရာ ဝက်ထိုးကျေးရွာအနီးရှိ ပြည်သူ ( ၂၆၅)ဦး လာရောက်ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
မဇင်(ပြန်/ဆက်)