ပုသိမ် ဇူလိုင် ၂၁
ဧရာ၀တီတိုင်းဒေသကြီးဟာ မြစ်ချောင်းများပေါများပြီး မိုးများသောဒေသဖြစ်တာကြောင့် ရေသွင်း ရေထုတ် ခက်ခဲသော အနိမ့်ပိုင်းဒေသများတွင် ရွှေခရုများ နှစ်စဉ်ကျရောက်ကာ စပါးပင်များ ပျက်စီးလျက်ရှိသည်။ ရွှေခရုတို့ရဲ့ဖျက်စီးမှုဟာ အလွန်မြန်ပြီး အကောင်အရေအတွက်ပေါ် မူတည်ကာ လယ်ဧက ဆယ်ဂဏန်းလောက်ကို ညတွင်းချင်း ကိုက်ဖြတ်စားသောက်နိုင်တယ်လို့ သိရသည်။
ယခုနှစ်မိုးရာသီမှာလည်း စပါးစိုက်ချိန်တွင်လည်း ရွှေခရုများကြောင့် တောင်သူများ စပါးပင်များ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံနေရကြောင်း၊ တောင်သူများအနေဖြင့် ရွှေခရုများ မိမိတို့၏ လယ်ဧကထဲ ရောက်ရှိလာပါက အရေးကြီးဆုံးကတော့ လူအားဖြင့် ရနိုင်သမျှကောက်ခြင်း၊ လယ်ကွက်အတွင်း ဝါး (သို့) သစ်တိုင် ဟောင်းများ လယ်ကွက်အတွင်းစိုက်ပါ ခရုရဲ့သဘာဝအရ တိုင်ပေါ်တက် ဥ ဥတဲ့အခါ ယူငင်ဖျက်ဆီးပေးခြင်း၊ လယ်ကွက်ထောင့်များတွင် နေရာရှင်း၍ ကျင်းတူးပါ သရက်သီးမှည့်၊ မုန်လာဥနီများ အနံ့မွှေးသော အသီးအရွက်များကို ၎င်းကျင်းထဲ ချထားပြီး အစာဖြင့်ထောင်ဖမ်းခြင်း(၄) နီးစပ်ရာ စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်ပြီး အကူညီရယူခြင်းများဖြင့် ရွှေခရုများကို နှိမ်နှင်းနိုင်မည်ဟုသိရသည်။
ရွှေခရုများကို ကြိုတင်ကာကွယ်လိုပါက စပါးစိုက်ပျိုးမည့် လယ်ယာမြေများအား ထယ်ရေးကြိုတင် ပြင်၍ ထုံးတစ်ဧက ပေါင် ၁၅၀ စုပေါင်းထည့်ခြင်း၊ ဆေးရွက်ကြီးမှုန့်၊ ခရုသတ်ဆေးမှုန့်များ ကြိုတင်ထည့် သွင်းခြင်း၊ လယ်ကန်သင်းများပြုပြင်၍ ရေစီးဖြင့် ရွှေခရု ဝင်ရောက်လာနိုင်သော မြောင်း၊ ကတွတ်ပေါက်များ ပိတ်ဆို့ခြင်း၊ ပိုက်ဇကာများခံခြင်း၊ ဘဲလွှတ်ကျောင်းခြင်း၊ အသိပညာများ ဝေမျှခြင်းနှင့် စုပေါင်းလုပ်ဆောင် ခြင်းများဖြင့် ရွှေခရုများ ကာကွယ်နှိမ်နင်း နိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မြင့်ဟန်