မိုင်းပျဉ်းမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မျောက်ကျောက်ရောဂါအကြောင်းအသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ် ဇွန်လ(၁၅)ရက်တွင် ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၁၂) စာမျက်နှာ(၂၀)၌ ဒေါက်တာလွင်သန့်ရေးသားသော “မျောက်ကျောက်ရောဂါအဖြေရှာ” ဆောင်းပါးတွင်ရေးသားဖော်ပြထားသည့် မျောက်ကျောက်ရောဂါစတင်ဖြစ်ပေါ်လာပုံ၊ ဖြစ်ပွားလျက်ရှိသောနေရာများ၊ ကူးစက်ဖြစ်ပွားပုံနှင့် စာကြည့်တိုက်လက်ထောက်−(၃) ဒေါ်ခင်သန္တာအောင်က မျောက်ကျောက်ရောဂါ လက္ခဏာအခြေအနေများ၊ ရောဂါကာကွယ်နည်းများ စသဖြင့် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ We Love Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)