လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး RS to CS မျိူးစေ့ထုတ်စိုက်ပျိူးခြင်းနှင့် မိုးစပါး (ရေတော်မိုးတော်) စိုက်ပျိူးပြီးစီးခြင်း ထွန်တုံးပိတ်ပွဲကျင်းပ

လေးမျက်နှာ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ကျောက်စရစ်ကုန်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်း၌ ၂၀၂၂ခုနှစ် မိုးစပါး RS to CS မျိူးစေ့ထုတ် စိုက်ပျိူးခြင်းနှင့် မိုးစပါး (ရေတော်မိုးတော်) စိုက်ပျိူးပြီစီးခြင်း ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ကွင်းအမှတ် (၉၄၆)၊ ဦးပိုင်အမှတ် (၅၃/၂) တောင်သူဦးကြည်ဝင်း၏ လယ်ယာမြေတွင်  ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းရွှေမှ RS to CS မျိူးစေ့ထုတ်ရာ၌ စိုက်ပျိူးနည်စနစ် မျိူးကွဲပယ်ခြင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများနှင့် ရိတ်သိမ်းပြီးမျိူးစေ့သန့်စင်ခြင်း၊ မျိူးစေ့နမူနာယူခြင်း အဆင့်ဆင့်တို့တွင် မဖြစ်မနေ လိုက်နာဆောင်ရွက် ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများ အနေဖြင့် စိုက်ပျိူးရေးဆိုင်ရာနည်းပညာများကို အခြေခံ၍ မိမိဒေသတွင် မျိူးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်သော မျိူးကောင်းမျိူးသန့်များကို ဒေသအတွင်းရှိ တောင်သူများအား ဖြန့်ဖြူးပေးနိုင်ရေး ရှင်းလင်ဆွေးနွေးခဲ့သည်။ လေးမျက်နှာ မြို့နယ်အနေဖြင့် မိုးစပါး(၅၂၆၄၂)ဧက စိုက်ပျိူးရန်လျာထားခဲ့ရာ ယခုအချိန်ထိ မိုးစပါး စိုက်ပျိူးပြီးစီးမှု (၅၀၈၆၇)ဧက စိုက်ပျိူးပြီးဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စိုက်ပျိူးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေသိန်း၊  မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)