မြောင်းမြ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ပေါ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းသေ abate ဆေးခပ်ခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ တွင် အမှတ် ၆ ရပ်ကွက်နှင့် ဘုရားချောင်းရပ်ကွက်များတွင် ရပ်ကွက်လုံးကျွတ် abate ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် ၆ ရပ်ကွက်တွင် စစ်ဆေးအိမ်ခြေ ၃၃၁၊ စစ်ဆေးအိုးခွက် ၁၄၀၇၊ ဆေးခပ်သောအိုးခွက် ၁၂၃၆၊ ဆေးဇွန်းပေါင်း ၉၂၂၄၊ ဘုရားချောင်းရပ်ကွက်တွင် စစ်ဆေးအိမ်ခြေ ၆၂၈၊ စစ်ဆေးအိုးခွက် ၁၅၇၅၊ ဆေးခပ်သောအိုးခွက် ၁၅၀၉ ဆေးခပ်ဇွန်းပေါင်း ၉၃၇၆ တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းသေ abate ဆေးခပ်ခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြောင်းမြမြို့ပေါ်ရှိ စုစုပေါင်း ရပ်ကွက် ၁၆ ရပ်ကွက်အားလုံး abate ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြောင်းမြခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)