ရွှေဘို ဇူလိုင် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် သက်ရှိအားလုံးတည်မြဲဖို့ ရေအရင်းအမြစ်ကိုထိန်းသိမ်းစို့ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လတ်မီတင်ဝင်းက ရေသယံဇာတ၏ အရေးပါပုံ၊ ရေသယံဇာတ ရှားပါးလာရခြင်း၏ အကြောင်းအရင်းများ၊ ရေထုညစ်ညမ်းရခြင်း အကြောင်းအရင်းများ ရေထုညစ်ညမ်းမှုကြောင့် လူတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု၊ ရေအရင်းအမြစ်ကို ထိန်းသိမ်းရန်အတွက် လုပ်ဆောင်ရမည့် အချက်များ၊ ကမ္ဘာပေါ်ရှိ လူသားတိုင်း ရေကိုပိုမိုဂရုစိုက် တန်ဖိုးထားတတ်စေရန်အတွက် ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်၍ အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်စဉ်ကျင်းပခဲ့ကြသည်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Page တွင် စဉ်ဆက်မပြတ် စီစဉ် တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်