ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ကံစုရွာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများလိုက်ပါလျက် အုန်းပင်စုကျေးရွာအုပ်စု၊ ကံစုရွာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁ဝး၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

မက်မန်းမြို့၌ ဘက်စုံသုံးခန်းမဆောင်အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အေးကျန့်ကျေးရွာအုပ်စု၊ ကန်နကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ(၆)လဘက်ဂျက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးခဲ့သည့် ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ်များနှင့် အရုပ်ခေါက်ပြိုင်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်၊ စာငှားလာသူ ကလေးသူငယ်များနှင့် အရုပ်ခေါက်ပြိုင်ပွဲကို ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တာမိုးညဲမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန့်နေ့(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးသီးနှံနေကြာ (၅၂)ဧကကို စိုက်ပျိုးထားပြီး နေကြာစိုက်ပျိုးရန်အတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုး‌ရေး၊ အပင်ပြုစုစောင့်ရှောက်‌ရေးနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်‌ရေး နည်းလမ်းများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို တောင်သူများ အချိန်မီသိရှိနိုင် စေရန်အတွက် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ ရာနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး စာအုပ်စာစောင်များ ခင်းကျင်းပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉  နာရီအချိန်က သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သော မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဟင်္သာဒုံးကျေးရွာအုပ်စု/ ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးကျော်ကိုထက်အပါ နေအိမ် (၁၂)လုံး၊ မိသားစုဝင်ကျား (၂၇)ဦး၊ မ (၃၂)ဦး၊ ပေါင်း (၅၉)ဦးတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၇၉)သိန်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အထက်ပေကုန်းကျေးရွာအုပ်စု/ ကျေးရွာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေါ်သန်းသန်းမြင့်အပါ နေအိမ် (၈)လုံးနှင့် မိသားစုဝင်ကျား (၁၅)ဦး၊ မ (၂၁)ဦး၊ စုစုပေါင်း (၃၆)ဦး၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးစလိုအပါနေအိမ် (၂)လုံးနှင့် မိသားစုဝင် ကျား(၂)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၄)ဦးတို့အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၆၆)သိန်းဖြစ်ကြောင်း သိရသည်။
Subscribe to