ကျိုင်းလပ်မြို့၌ စားသုံးသူလုံခြုံစိတ်ချမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းလပ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ စားသုံးသူလုံခြုံစိတ်ချမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ယနေ့နံနက် ၉ နာရီက ကျိုင်းလပ်မြို့ပေါ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့်ဆေးဝါးအရောင်းဆိုင်များအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးအောင်မင်းသူ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်နောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ မြို့တာဝန်ခံ ဦးအားဝေနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများပူးပေါင်း၍ ကျိုင်းလပ်မြို့ စည်ပင်သာယာရေးဌာနမှ လုပ်ငန်းလိုင်စင်များ ချပေးခွင့်ပြုထားသည့် ကုန်စုံဆိုင်များနှင့် ဆေးဝါးရောင်းချသော အရောင်းဆိုင်များအတွင်း သက်တမ်းကုန်လွန်နေသော စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများအားရောင်းချမှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချမှုရှိစေရန် သက်တမ်းလွန် စားသုံးကုန်နှင့်ဆေးဝါးများ ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေး ရှင်းလင်းပြောကြားကာ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)