တပ်ကုန်း​မြို့၌ ဆီကုန်သည်အသင်းမှ မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာ ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင် ဦးသူရဇော်ဇော် (ဦးကြည်ဝင်း)ကုန်စုံဆီဆိုင်မှ အနော်ရထာရပ်ကွက်အတွင်းရှိ ပြည်သူများအား မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာဝယ်ယူနိုင်​ရေး ယနေ့နံနက် ၈ နာရီက အဆိုပါရပ်ကွက်၊ အောင်သီဟလမ်းနှင့် သုခမိန်လမ်းဆုံ တွင် ရောင်းချပေးခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တောင်ကုတ်မြို့နယ်၌ အိမ်ထောင်စုစာရင်းများအား e-ID စနစ်ဖြင့်ဖြည့်သွင်းနေမှုစစ်ဆေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများအား e-ID စနစ် ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဖြည့်သွင်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပရဝုဏ်အတွင်းရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက လယ်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် (၆၅)ကြိမ်မြောက် မြို့နယ်အဆင့်ဝိနည်းစာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယမန်နေ့နေ့မွန်းတည့် (၁၂)နာရီအချိန်က နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၆၅)ကြိမ်မြောက်  မြို့နယ်အဆင့်ဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community center)ခန်းမတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ပိုက်ဆံလျှာ်ပင်အား သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန်စမ်းသပ်စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူဦးရေတစ်သိန်းကျော် နေထိုင်ကြပြီး လူဦးရေ(၉၀) ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်‌မွေးဝမ်းကျောင်းပြုသူများဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ (၂၃) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ ပမာဏတင်ဆက်မှု အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၂၃) ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပမာဏတင်ဆက်မှု အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to