နတ်​မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးနှမ်းစံပြကွက်ရိတ်သိမ်း

နတ်မောက် ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးနှမ်းစံပြကွက်များ ယမန်နေ့ နံနက် (၇)နာရီက စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးနှမ်းစံပြကွက်သို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက နှမ်းအထွက်နှုန်းခန့်မှန်းနိူင်အတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါမိုးနှမ်းများကို နတ်မောက်မြို့နယ်တွင် မေလဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိရာ နတ်မောက်တစ်မြို့နယ်လုံးတွင် မိုးနှမ်းစိုက်ဧကစုစုပေါင်း (၁၇၈၈၃၆) ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှဝင်း