မိုးနဲ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စု၊ ခိုတိဝိုးကျေးရွာနေ ဒေါ်ပါညွှန့်၏ ယာခင်း၌ မိသားစု ဆီဖူလုံမှုရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် မြေပဲစိုက်ပျိုးထားကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် မိုးရေလုံလောက်စွာရရှိခြင်း၊ အပူချိန်လုံလောက်စွာရရှိခြင်းနှင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်အားတိုးဆေးကို သတ်မှတ်ချိန်များ၌ အသုံးပြုထားပေးရာ သီးနှံပေါ်ချိန်တွင် အထွက်နှုန်းတိုးရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။ ထို့အပြင် ၎င်းပိုင်ဆိုင်သော ယာခင်းများ၌ ပြောင်း ပန်းနှမ်း၊ မုန့်ညှင်းစိမ်း၊ ပဲပုတ်တို့ကိုလည်း စိုက်ပျိုးထားကြောင်း ဒေါ်ပါညွှန့်က ပြောကြားခဲ့သည်။
မိုးနဲမြို့နယ်အတွင်း မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၉၅၀၀) နှုန်းဝယ်ယူစားသုံးနေရသဖြင့် မြေပဲသီးနှံ ပေါ်ချိန်တွင် မိသားစုဆီဖူလုံမှုရရှိရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေါ်ပါညွှန့်၏ပြောကြားချက်အရ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)