သာယာဝတီမြို့ ဆရာစံမြို့သစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၈၈၅၉၀၀၀/-) ဖြင့် ဆရာစံမြို့သစ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ပြည်သူတစ်သောင်းလေးထောင်ကျော်အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိပြည်သူ (၁၄၃၆၁) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက်ထိုးနှံ 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးများ ကိုဗစ်-၁၉ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရန်နှင့် သာကေတမြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ ၁၀/တောင်ရပ်ကွက်၊ အမှတ်(၄၆) အခြေခံပညာမူလတန်းကျောင်း၊ ၁/အနော်မာရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase12 (Sinopharm)  ထိုးနှံခြင်းနှင့် ၁ဝ/တောင်ရပ်ကွက်ရှိ J&M steel solution company ဝန်ထမ်း(၁၅၀)ဦး Booster(covishield)ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာ‌ရေးဌာနနှင့် တာဝန်ရှိသူများမှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့(၃) ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိသည်။

တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်တွင် RCC တစ်ထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်‌ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမျှော်ကြသည့် ရဟန်း၊ ရှင်လူ ၊ပြည်သူအများ စိတ်ချမ်းမြေ့စွာ အနားယူနိုင်စေရန်အတွက် အောင်မြင်ဇေယျစေတီတော်မြတ်ကြီး ပရဝဏ်အတွင်းရှိ မြေနေရာတွင် ၇၀×၅၀(ပေ) RCတစ်ထပ်ဓမ္မာရုံသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲက ကျင်းပသည်။

မုဒုံမြို့၌ လက်ရက်ကန်းဖဲနှတ်ကောက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီက လက်ရက်ကန်းဖဲနှတ်ကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အမျိုးသားအသက် (၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ခန္တီးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) အမျိုးသား အသက်(၁၆) နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၂၂) ရက်နေ့မှ စတင်၍ အသင်း (၅) သင်းဖြင့် ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ပြည်သူ့အားကစားကွင်းအတွင်း ယှဉ်ပြိုင်  ကစားခဲ့ကြရာ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေပြည်သူများက စည်ကားသိုက်မြိုက်စွာ အားပေးခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး နေကြာသီးနှံစိုက်ပျိုး တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန် တောင်သူများဝင်ငွေ တိုးတက်ရရှိစေနိုင်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်း ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံများနှင့်စက်မှုကုန်ကြမ်း သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး မျှော်မှန်းချက်ဖြင့်

အင်းစိန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ်အတွင်း စိတ်အားတက်ကြွစွာ၊ စိတ်ချမ်းသာ ပျော်ရွင်စွာဖြင့် သင်ကြားနိုင်ရန်နှင့် စိတ်ဓာတ်မြင့်မားတက်ကြွစွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က အင်းစိန်မြို့နယ်၊ အ.ထ.က(၆)ကျောင်း ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့၌ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to