မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံ

မိုးညို ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံထားပြီး(၆)လအထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့အတူ အသက် ၁၈ နှစ်ပြည့်ပြီးအကြောင်း အမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်သည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင်လည်းကောင်း၊ ကျေးရွာအုပ်စုများရှိ ကျန်းမာ‌ရေး ဌာနများတွင်လည်း‌ကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း