ပြည် ဇူလိုင် ၂၇
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေတစ်ချောင်းလမ်း၌ ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (Mask Campaign) ပြုလုပ်ခဲ့သည်။
အဆိုပါ (Mask Campaign)၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦး ဦးဆောင်၍အုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်/ဆက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူပေါင်းပါဝင်သောအဖွဲ့က ပြည်မြို့အတွင်း ခရီးသွားလာနေကြသော ပြည်သူများနှင့် ဈေးသွားဈေးလာများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုပြန်လည် ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ပါးစပ်နာခေါင်းစည်း (Mask) မတပ်ဆင်ပဲ သွားလာနေကြသော ခရီးသွားပြည်သူများအား mask များ ပြန်လည်တပ်ဆင်ပြီးသွားလာကြရန် အသိပေးနိုးဆော်ခြင်းများပြုလုပ်ပြီး ပါးစပ်နှာခေါင်းစည်း mask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)