အုတ်ဖို ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းခွ(ဂျီ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက(၃၄) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာအောင်ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးစန္ဒောဘာသမှ ငါးပါးသီလနှင့် သြဝါဒကထာအား ချီးမြှင့်သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် မြို့နယ်ယဉ်ကျေးမှုကော်မတီဝင် ဦးဝင်းတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။
ဆက်လက်၍ ချောင်းဂွ(ဂျီ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းစာဖြေဌာနမှ ယဉ်ကျေးမှုစာအောင် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပြီး မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌ မတောင့်တဆရာတော်မှ နိဂုံးချုပ်သြဝါဒက ထာချီးမြှင့်ခဲကြောင်း သိရသည်။
အောင်သူ