မရမ်းကုန်းမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး (Booster) ထိုးနှံ​​​

မရမ်းကုန်း ဇူလိုင် ၂၇

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  ကို​ဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့ နံနက် ၁၀ နာရီက အမှတ် () ရပ်ကွက် ဘုရင့်​နောင်ပွဲရုံ၊ ရန်ကြီး​အောင်ဓမ္မာရုံ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး (Booster) ထိုးနှံ​​ပေး​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်   ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး မှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)