၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မိုင်းယန်း ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုအားပေးစကားနှင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မိုင်းယန်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်  မြန်မာစာဂုဏ်ထူးရှင် (၁)ဦး၊ ဘောဂဗေဒ ဂုတ်ထူးရှင်(၄)ဦး စုစုပေါင်း အောင်မြင်သူ ကျောင်းသူ(၈)ဦးနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများကို တာဝန်ရှိများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး