မိုင်းဖြတ်မြို့နယ်၌ ကျန်းမာ​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊  မြန်မာနိုင်ငံမူးယစ်​ဆေးဝါး ဆန့်ကျင်​ရေးအသင်း(တာချီလိတ်)က ကျင်းပပြုလုပ်သည့် ကျန်းမာ​ရေးအသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့ မွန်းလွဲ ၁ နာရီခွဲက

လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀၀၀)နာရီအချိန်က အင်းကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် သထုံခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့၊ နံနက်ပိုင်းက ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ ဟူသော ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ​ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ်၊ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ်၊ ချည်မျှင်ရှည် ဝါမျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို  စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်အဖွဲ့ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တတ်ရောက်သစ်ပင်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်း၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။

မိုင်းရှူးမြို့နယ်တွင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဌ)ဖလား ရပ်ကွက်နှင့်‌ကျေးရွာပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းတွင်းရှိ ဘောလုံးကွင်းတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ပြည်မြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက ၆၃၁၀၀ ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထား ဧက (၇၄၆၄၀)ဧကအနက် ယနေ့အထိ (၆၃၁၆၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
Subscribe to