လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

လဲချား  သြဂုတ်  ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။

ထိုသို့ စာအုပ်၊စာစောင်များကွင်းဆင်းငှားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက မြို့နယ်စာရင်းစစ်ဦးစီးဌာနရုံးသို့ သုတ၊ရသ စာအုပ်၊ စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)