ကျောက်တန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကန်ပြောင်ကျေးရွာတွင် ရေသန့်စက်ရုံ တည်ဆောက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့၊ ကန်ပြောင်ကျေးရွာတွင် ရေသန့်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းတနော်တွင် မီးဘေးသင့် အိမ်ထောင်စု(၁)စုအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာတွင် ​ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်တစ်လုံးအား ယနေ့ နံနက်ပိုင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် မိုးစပါး ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရန် ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂–၂၀၂၃ ခုနှစ်၊ မိုးစပါး ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ယနေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ ဆင်ကူးကျေးရွာ၊ တောင်သူ ဦးကြံမောင်၊ ဦးစိုးသိန်းတို့၏ စိုက်ပျိုးရေးကွင်း၌ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ပြည်သူများ စျေးနှုန်းချိုသာစွာ ဆီ ဝယ်ယူနိုင်ရေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃,၈၅၀/- ဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီလုပ်ငန်းရှင်များက ပြည်သူများစျေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေး အတွက် အမှတ်(၆)ရပ်ကွက် ရွှေကောင်းစံဆီဆိုင်တွင် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်

မအူပင်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်နေ့က စတင်ကျင်းပရာ ဇူလိုင် ၃၁ ရက်နေ့၌ ခရိုင်ပြိုင်ပွဲများတွင် ဆုရရှိသည့် ထူးချွန်သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စတင်ကြောင်းသိရသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းတို့နှင့် အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် သာပေါင်း-မကျီးဇင် ကားလမ်းကွန်ဂရစ် ခင်းကျင်းမှု့အား ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းတို့နှင့် အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းအရာရှိများ၊ ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဧည့်ရိပ်သာခန်းမ၌ တွေ့ဆုံပြီးနောက် သာပေါင်း-မကျီးဇင် ကားလမ်းကွန်ဂရစ်ခင်းကျင်းမှု့အား ကြည့်ရှု့စစ်ဆေးကြသည်။

ကွတ်ခိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မှကြီးမှူး‌၍ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို

ရေဖြူမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ အသက် (၈) လမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to