မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(မြို့နယ်အဆင့်)ဆုချီးမြှင့်

၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းအနေဖြင့် ဒေသကြက်ကောင်ရေ (၁၀၀)နှင့် ဒေသဝက် (၁၀) ကောင်ကို ထောက်ပံ့ပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်ပေါ်ဒေသ ဒေသခံပြည်သူများလူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် ဘိန်းအစားထိုးအဖြစ် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘိန်းအစားထိုးအဖြစ် ဒေသကြက်ကောင်ရေ (၁၀၀) နှင့် ဒေသဝက် (၁၀) ကောင်ကို  ယမန်နေ့က ဝန်ကျေးရွာနှင့် ရေဖြူကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်နိင်စွမ်းတိုးတက်ရေးအတွက် တစ်နှစ်သုံးသီး စိုက်ပျိုးရေးစတင်ဆောင်ရွက်

တစ်နှစ်သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးနှံထွက်ရှိမှုပမာဏနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် စိုပ်ပျိုးထုတ်လုပ်မှုနည်းပညာများကို နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘုန်းတော်ပြည့်ကျေးရွာ ဆည်ရေသောက်ဧရိယာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

သရက်မြို့နယ်အတွင်း မိုးနေကြာစိုက်ဧက  ၁၄၃.၂၅ ဧက စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုးနေကြာသီးနှံ ၁၄၃.၂၅ဧက စိုက်ပျိုးထားရှိ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပင်းတယမြို့နယ်ထွက် ပန်းဂေါ်ဖီနှင့်ဂေါ်ဖီထုပ်များ ပြည်တွင်းဒေသများသို့တင်ပို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိကျေးရွာစိုက်ကွင်းများတွင် ဧကအများအပြားစိုက်ပျိုးထားသည့် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ ယခုအခါ ပြည်တွင်းဒေသ၊ အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ရွာငံမြို့နယ်တွင် ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စိုက်ပျိုးရေးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ​ဖြင့် ရေရှည်တ​ည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ အ.မ.က(၄၄)ကျောင်းတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများကို သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ ဥယျာဉ်လမ်းရှိ အ.မ.က(၄၄)ကျောင်းသို့သွားရာက်၍ ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည်တို့ကို ဆောင်ရွက်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော နေရာများသို့ တာဝန်ရှိသူများ သွားရောက်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ယနေ့ နံနက် ၂ နာရီ ၅၅ မိနစ်မှ စတင်ရွာသွန်းသော မိုးကြီးမှုကြောင့် ပြင်ဦးလွင်မြို့ပေါ်ရှိ ဂဲလောင်းချောင်းတစ်လျှောက် နေရာများနှင့် ရပ်ကွက်ကြီး ၁ ၊ ၄၊ ၅ ၊ ၆ ၊ ၁၈ နှင့် ၁၉ နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ပညာ‌ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်းများ လုပ်ငန်းများ အရှိန်အဟုန်မပျက် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွင်းရှိ ဌာနဆိုင် ရာအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to