ကလိန်အောင်မြို့၌ ရဟန်းသံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထပ်ဆောင် Booster Dose စတင်ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ရဟန်းသံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး  ယနေ့နံနက် (၁ဝ) နာရီက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတုတ္ထအကြိမ်ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် လက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ကွင်းအမှတ်( ၄၀၈) နွားမယံကွင်းအတွင်းရှိ တောင်သူဦးဌေးဝင်း၏လယ်မြေ (၁၆) ဧကတွင် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့်လက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။

ဘူးသီးတောင်မြို့၌ မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာ လှပစေရန်၊ ရေစီးရေလာကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍ လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ အုတ်စီရေမြောင်းတူးဖော်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့ ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုနှင်းသဘင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများအတွက် ထောက်ပံ့မည့် စက်ဘီးများရောက်ရှိ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံပညာကျောင်းများသို့ ထောက်ပံ့မည့်စက်ဘီးများအနက် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ပေးမည့် စက်ဘီးအစီး (၁၀၀) စီးအား ယမန်နေ့နံနက် (၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြောင်း သိရသည်။

ပြည်ခရိုင်၊ ကျေးလက်ဦးစီးမှူး၊ ပေါက်ခေါင်းမြို့နယ် ကျေးရွာ‌(၄)ရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းနှင့်‌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် (ရွာလွတ်၊ ညောင်လန်း၊ ကညှော်)ကျေးရွာတို့တွင် တောင်သူများ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ဖြစ်ပေါ် ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်စနစ် သီးနှံ ပုံစံပြောင်းလဲ ချမှတ်နိုင်ရေး မျိုးစေ့များပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူတောင်သူများအတွက် စံချိန်စံညွှန်း ပြည့်မီသော သွင်းအားစုများအား အချိန်ကိုက် ထည့်သွင်းနိုင်ရေး နည်းပညာနှင့် စိုက်ပျိုးနည်းပညာ အကူအညီများကို ရရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က (ကညှော်ကျေးရွာ၊ ရွာလွတ်ကျေးရွာခန်းမ)နှင့် ညောင်လန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူနည်း ပညာပေးဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း ဆွေးနွေးပေးခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနှင်းမောင်းနှင်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဉ်သွားလာမှုများပြားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to