ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ထန်းတပင်(ပဲခူး) သြဂုတ် ၁

ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ ဟူသော ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ​ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုလှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်က အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အုတ်တွင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီတာဦးက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက်ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 မြို့နယ်(ပြန်/ဆက်)