ကျိုက်ထို ဩဂုတ် ၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် သထုံခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့၊ နံနက်ပိုင်းက ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်နှင့် အငယ်တန်းစာရေး ဒေါ်ဟိုဇင်၀င်းတို့က ကမ္ဘာပေါ်မှာရှိသည့် ရေတည်ရှိမှု အခြေအနေ၊ ရေချိုအရင်းအမြစ်များ၏ အရေးပါပုံ၊ ရေချိုအရင်းအမြစ်များ လျော့နည်းပျောက်ကွယ်မှုမရှိအောင် ဆောင်ရွက်ရာမှာ သစ်တောသစ်ပင်တို့၏ အရေးပါပုံ၊ သစ်တော သစ်ပင် ဝါးတော ဝါးပင်များ တောင်ယာများ ခုတ်ထွင်ရှင်းလင်းမှု မရှိပါက ရရှိနိုင်မည့် အကျိုးကျေးဇူး၊ ရေချွေတာသုံးစွဲရေးနှင့် ရေထုညစ်ညမ်းမှု လျော့နည်းအောင် ဆောင် ရွက်သင့်သည့် နည်းလမ်းများ စသည်တို့ကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)