၂၀၂၂-၂၀၂၃ ခုနှစ်၊ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများထောက်ပံ့

မြို့သစ် သြဂုတ်လ ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ်၊ ချည်မျှင်ရှည် ဝါမျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို  စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးလွင်က ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသောကျေးရွာ အုပ်စုများမှ တောင်သူများအား ရှင်းလင်းဆွေးနွေးကာ ထောက်ပံ့ပစ္စည်းများ အသုံးပြုပုံများကို လက်တွေ့သရုပ်ပြရှင်းလင်းပြသခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ရာ ကျေးရွာ(၁၈)ရွာနှင့် ထောက်ပံ့ပစ္စည်းပေးအပ်သော တောင်သူ(၈၉) ဦးတို့အား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား အသီသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဇော် ( ပြန်/ဆက်)