ကော့သောင်းမြို့နယ် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (ကော့သောင်း) မှ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ကျင်းပရာ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

မိုင်းယုမြို့၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းက

ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ တစ်ရပ်ကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ နဝရတ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ကလေးများပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ကျန်းမာရေးဌာန (၄) ခုတွင် ဆောင်ရွက်ပေးမည်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကလေးများပုံမှန်ကာကွယ်ဆေးထိုးခြင်းကို စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး(၂)ထပ်ဆောင်၊ လက်ပန်လှကျေးရွာကျန်းမာရေးဌာန၊ ထုံးကြီးကျေးရွာ တိုက်နယ်ကျန်းမာရေးဌာနနှင့် ဆည်သည်ကျေးရွာ ကျန်းမာရေးဌာန၊ စုစုပေါင်း (၄)နေရာတို့တွင် ဩဂုတ်လ၂ ရက်နေ့နံနက် ၉ နာရီခွဲမှစ၍ ၂ ရက်တိုင်ထိုးနှံပေးသွားမည်ဖြစ်သည်။

မလှိုင်မြို့နယ်၌  Mobile  Library  စနစ်ဖြင့် စာအုပ် ၊ စာစောင်များ အခမဲ့  ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက Mobile  Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့ မြန်မာ့စီးပွားရေဘဏ်ရုံးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 

နောင်ချိုမြို့နယ်တွင် အသက်၂လမှ ၁နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းဦးနှင့်၀န်ထမ်းများက စုရပ် အသီးသီးတွင် အသက် ၂လမှ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၄၅ ဦး မြဝတီ အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင်ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၁၄၅ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

နမ္မတူတွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to