ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင်လမ်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင်လမ်း ကွန်ကရစ်ခင်းနေမှုအား ယမန်နေ့နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။