ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကင်းမြို့နယ်တွင် ၁-၈-၂၀၂၂ ရက်နေ့ ၉ အချိန်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်း ဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် Sinopharm/ Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး(၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(covid shield/Myancopharm)နှင့် ပထမအကြိမ် ၁၈ နှစ်အထက်များအား (Covaxin)၊ အသက် ၁၅-၁၈ ​ကျောင်း​ပြင်ပ ကလေးများအား (Sinovac) ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲကျင်းပ

(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကသာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များ e-ID ရေးသွင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) အချက်အလက်များကို ကျွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် Myanmar Fitness Dance သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်​ ရွှေဘိုတက္ကသိုလ်နှင့်​ရွှေဘိုခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် Myanmar Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယ​နေ့ ​နံနက်၉နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ ဘက်စုံထူးချွန်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် စာရိတ္တများကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးအတွက်

ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအဆင့် ကျောင်းသား/သူများအား ယနေ့နံနက် (၁၁)နာရီအချိန်က ကျောင်းကျန်းမာရေး ဟောပြောပွဲကို ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to