မိုင်းခတ်မြို့နယ်​၌ ဘိန်းအစားထိုး ​မွေးမြူ​ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင်(၁၀၀)​ထောက်ပံ့​ပေးအပ်

စိုက်ပျိုး​ရေး၊ မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်​ ဟိုလင်း​ကျေးရွာတွင် ယမန်​နေ့နံနက်ပိုင်းက အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု

နာဂဒေသ၊ ပန်ဆောင်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းသား/ ကျောင်းသူများ အချင်းချင်း ပြင်ပဗဟုသုတစာပေများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။

ကျောက်ဆည်မြို့နယ် ရွေဒါးကျေးရွာတွင် ကြက်ဟင်းခါးတစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြစ်၊ ချောင်းများအနီးရှိ ကိုင်းကျွန်းမြေများနှင့် ယာမြေအချို့တွင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ မုံညင်းစသည့် သီးနှံမျိုးစုံစိုက်ပျိုးပြီး ရွှေဒါးကျေးရွာတွင် ကြက်ဟင်ခါးတစ်ပိုင်တစ်နိုင်စိုက်ပျိုး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင်  စာဖတ်ဝိုင်းပြုလုပ်

စာရေးဆရာမ နုနုကြည် (အမေ့အိမ်) ၏" မှောင်ရာမှလင်း မင်းမြတ်ရာဇာ သီရိဓမ္မာ "စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ဒုံပေါက်ပျက်စီးနေသည့် နေရာများတွင် ပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး လမ်း၊ တံတားများ တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ဒုံပေါက်ပျက်စီးနေသည့် နေရာများတွင် ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၅၈,၂၀၀ ဦး ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်အထိ ၅၅၈,၂၀၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ အပင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းလုံမြို့တွင်  ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို
Subscribe to