မိုင်းဖြတ်မြို့နယ်၌ ကျန်းမာ​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

မိုင်းဖြတ် သြဂုတ် ၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊  မြန်မာနိုင်ငံမူးယစ်​ဆေးဝါး ဆန့်ကျင်​ရေးအသင်း(တာချီလိတ်)က ကျင်းပပြုလုပ်သည့် ကျန်းမာ​ရေးအသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့ မွန်းလွဲ ၁ နာရီခွဲက နားမွန်း​ကျေးရွာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ မူးယစ်​ဆေးဝါးဆန့်ကျင်​ရေးအသင်း(တာချီလိတ်)မှ  နှစ်သိမ့်​ဆွေး​နွေး ပညာ​ဆွေး​ပညာ​ပေးသူ ​ဒေါ်သင်းသင်းလွင်က XIV/AIDS ​ရောဂါအ​ကြောင်း သိ​ကောင်းစရာ များကို ရှင်းလင်း​ဟော​ပြောခဲ့သည်။ ထို့​နောက် ​ဒေါက်တာ ဆိုင်းနူးဂျာက အမျိုးသမီးများတွင် ဖြစ်ပွားတတ်​သော သားအိမ်​ခေါင်းကင်ဆာ​ရောဂါဖြစ်​စေ​နိုင်​သော နည်းလမ်းများ၊ ​ရောဂါ လက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများနှင့် ကျန်းမာ​ရေးဆိုင်ရာ သိ​ကောင်းစရာများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာ​ရေးအသိပညာ​ပေး လက်ကမ်းစာ​စောင်များကို ဖြန့်​ဝေ​ပေးခဲ့ပြီး  ​ဒေါက်တာဇက်ခွန်မျိုးလတ်၊ ​ဒေါက်တာ ဆိုင်းနူးဂျာတို့ဦးစီး၍ ​​ကျေးရွာ​နေပြည်သူ (၆၀)ဦးအား ​အသည်းရောင်အသားဝါ၊ XIVပိုး ရှိ/မရှိ  သွေး​ဖောက်စစ်​ဆေး​ပေးခဲ့​ကြောင်း သိရသည်။

သန်းထွန်း​အေး